ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်(ဖလား) ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

14-3-2017 1

14-3-2017 3

14-3-2017 2

လွိုင်ကော် မတ်လ ၁၄


ကယားပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် (ဖလား) ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ ကို မတ်လ (၁၄)ရက်နေ့၊ မွန်းလွဲ(၄:ဝဝ)နာရီအချိန်က လွိုင်ကော်မြို့၊ ကန္ဒရဝတီအားကစားကွင်းတွင်ယှဉ်ပြိုင်ကစားကြသည်။
ပြိုင်ပွဲတွင် အသင်းပေါင်း(၁၆)သင်းပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြရာ ယနေ့တွင် ကယားရွှေတံခါးအသင်းနှင့် ကယားဌာနေ အသင်းတို့ယှဉ်ပြိုင်ကြရာ (Penalty) အဆုံးအဖြတ်ဖြင့် ကယားဌာနေအသင်းက ၅ ဂိုး ၊ ကယားရွှေတံခါးအသင်းက ၄ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရ ကယားဌာနေအသင်းအား ငွေသားဆု ကျပ်(၂၀) သိန်းနှင့် တံခွန်စိုက်ဒိုင်းဆု ဖလားအားလည်းကောင်း၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဌ ဦးလှထွေးက ဒုတိယဆုရရှိသော ကယားရွှေတံခါး အသင်းအား ငွေသားဆု ကျပ်(၁၅)သိန်းကိုလည်းကောင်း၊ ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင် က နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများကို လည်းကောင်း၊ ကယားပြည်နယ် လွှတ်တော် ဒုတိယဥက္ကဌ ဦးတင်မြင့်က ပထမဆုရအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ကယားပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြိုင်ပွဲတွင် Daily Man of The Match ဆုရရှိသူ နှင့် ဒုတိယဆု ရရှိသော အသင်းအား ငွေတံဆိပ်ဆုများအား လည်းကောင်း၊ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။