ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့နယ်ရေပေးဝေရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

13-3-20175

13-3-20176

13-3-20177

လွိုင်ကော် မတ် ၁၃


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့်အတူ ပြည်နယ်စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ ပြည်နယ်အစိုးအဖွဲ့၊ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့ ညနေ(၃)နာရီအချိန်က လွိုင်ကော်မြို့၊ သီရိမင်္ဂလာတံတား (ဘီလူးချောင်းရေစက်ရုံ) သို့ ရောက်ရှိပြီး အဆိုပါရေစက်ရုံမှ နာနတ်တောရေပေးဝေရေးဇုန် ရေစုကန်အထိ ရေစုပ်တင်နေမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ နာနတ်တောရေပေးဝေရေးဇုန်ရှိ ရေဂါလံ(၂ဝဝဝဝ)ဆန့် မြေအောက်ရေကန် မှ ပေ(၆ဝ)အမြင့်ရှိ ရေဂါလံ(၁၂ဝဝဝ)ဆန့် ရေစင်သို့ ရေစုပ်တင်မှုအခြေအနေများ ကြည့်ရှုစစ်ဆေးပြီး နာနတ်တောရပ်ကွက် ရေလုံလောက်စွာရရှိရေး Motor Pump ဖြင့် ရေစုပ်တင်ပေးဝေနိုင်ရေးအတွက် မီးအားပြည့်မီလုံလောက်မှု မရှိသဖြင့် ပုံမှန်ပေးဝေဆောင်ရွက်နိုင်ရန် နာနတ်တောရေစုကန်အနီး 50 KVA ထရန်စဖော်မာ(၁)လုံး၊ 20 HP Motor Pump (၁)လုံး တပ်ဆင်ရန်နှင့် ဘီလူးချောင်းရေစက်ရုံတွင် 50 HP Motor Pump (၁)လုံးနှင့်ဆက်စပ်ပစ္စည်းများ တပ်ဆင်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး မိုင်းလုံးရပ်ကွက်ရှိ ရေဂါလံ(၃)သိန်းဆံ့ ရေစစ်ကန်တည်ဆောက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရေစစ်ကန်မှ စစ်ထုတ်ပြီး ရေများအား မြို့တွင်းသို့ ဖြန့်ဖြူးနိုင်ရန် ရေစစ်ကန်မှ ယခင်ရေပေးဝေနေသည့် ပိုက်လိုင်းသို့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ကယားပြည်နယ်ပြန်/ဆက်