ကယားပြည်နယ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

13-3-2017 1

13-3-2017 2

13-3-2017 3

13-3-2017 4

လွိုင်ကော် မတ်လ ၁၃


၂၀၁၇ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မတ်လ ၁၃ ရက်နေ့ ၊ နံနက် ၁၀းဝ၀ နာရီအချိန်၌ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ကယားပြည်နယ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများက မိမိတို့ဆပ်ကော်မတီများအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မိမိတို့အနေဖြင့် ကယားပြည်နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပသွားမှာဖြစ်ကြောင်း၊ ထို့ကြောင့် မြို့နယ်တိုင်းအတွက် သင်္ကြန်ပွဲတော်ပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေးအတွက် လိုအပ်သော အကူအညီးအထောက်အပံ့ များကိုလည်း ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။


ခရိုင်ပြန်/ဆက်