ကယားပြည်နယ်ဝန်ကြီးချုပ် မယ်စဲ့မြို့နယ်၊ မယ်ဆည်နမ်ကျေးရွာအုပ်စုရှိ ကျိုက်ထီးရိုးတောရကျောင်း မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများသွားရောက်ကြည့်ရှုပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်

12-3-20175

12-3-20176

12-3-20177

 

12-3-20178

လွိုင်ကော် မတ် ၁၂


ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့်အတူ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့၊ နာယက၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မတ်လ (၁၁)ရက်နေ့၊ မွန်းလွဲ(၂း၃ဝ)နာရီအချိန်က မယ်စဲ့မြို့နယ်၊ မယ်ဆည်နမ်ကျေးရွာအုပ်စု၊ နန်းဟူးကျေးရွာ၏ တောင်ဘက်(၅)မိုင်ခန့် အကွာရှိ ကျိုက်ထီးရိုးတောရကျောင်း၊ မီးလောင်မှုကြောင့် ပျက်စီးမှုအခြေအနေများ သွားရောက်ကြည့်ရှုပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အလှူရှင်များက အလှူငွေများနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့သည်။
အဆိုပါကျိုက်ထီးရိုးတောရကျောင်းသည် မတ်လ (၁ဝ)ရက်နေ့၊ မွန်းလွဲ(၁၂း၃ဝ)နာရီခန့်တွင် မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ပြီး ကျောင်းဆောင် (၂)ဆောင်နှင့် ဇရပ်(၁)ဆောင်နှင့် မီးဖိုဆောင်(၁)လုံးတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ အခင်းဖြစ်နေရာသည် လူသူမရှိသော နေရာတွင် တည်ရှိခြင်း၊ ဘုန်းတော်ကြီးကျောင်းတွင် ခန်းနေဆရာတော်မှ နန်းဟူးကျေးရွာ ရှင်ပြုပွဲတွင် ရောက်ရှိနေခြင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် နန်းဟူးကျေးရွာသည် (၅)မိုင်ခန့် ကွာဝေးခြင်းတို့ကြောင့် ကျိုက်ထီးရိုးတောရကျောင်း မီးလောင်မှုအား မည်သည့်အတွက်ကြောင့် လောင်ကျွမ်းသည်ကို ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

ကယားပြည်နယ်ပြန်/ဆက်