အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

8-3-2017 1

8-3-2017 2

8-3-2017 3

8-3-2017 4

8-3-2017 5

8-3-2017 6

လွိုင်ကော်    မတ် ၈


    အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို မတ်လ ၈ ရက်နေ့၊ နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမတွင် ပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။  
    ကယားပြည်နယ်အတွင်း ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်း လူမှုဝန်ထမ်းဦးစီးဌာနနှင့် IRC အဖွဲ့အစည်းတို့ ပူးပေါင်း၍ (GBV) ကျား/မ အခြေပြုဖြစ်ပေါ်လာသော အကြမ်းဖက်မှုများ ကာကွယ်တားဆီးခြင်း အသိပညာပေး ဆွေးနွေးပွဲနှင့် ၂ဝ၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလတွင် ကျား/မ အခြေပြုဖြစ်ပေါ်လာသော အကြမ်းဖက်မှုဆိုင်ရာ သတင်းအချက်အလက်ဝန်ဆောင်မှု အသိပညာပေးဆွေးနွေးပွဲများကို ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ကယားပြည်နယ် အတွင်း ကျား၊ မ တန်းတူညီမျှမှုစသော အသိပညာပေးဆွေးနွေးပွဲများကို ခရိုင်၊ မြို့နယ်၊ ကျေးရွာများအထိ လွမ်းခြုံ နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာကော်မတီများကို ဒေသလိုအပ်ချက်နှင့်အညီ ပြန်လည်ဖွဲ့စည်းပြီးဖြစ်၍ မိမိတို့ဒေသအလိုက် အမျိုးသမီးများကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသည်။
    ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သော သဝဏ်လွှာအား ပြည်နယ် စည်ပင်သာယာရေးနှင့်လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ဖတ်ကြားသည်။ ဆက်လက်၍  ကယား တိုင်းရင်းသား(၉)မျိုးအက၊ ကယန်းတိုင်းရင်းသားရိုးရာ အက၊ ကယားတိုင်းရင်းသားရိုးရာအက၊ ရခိုင်တိုင်းရင်းသား ရိုးရာအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ပြီး ယဉ်ကျေးမှုအဖွဲ့များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
     ဆက်လက်ပြီး ထူးချွန်အမျိုးသမီးများအား  ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့၊ နာယက ဒေါ်မြင့်မြင့်မော်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးလှထွေးနှင့်  တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ကြသည်။
    ယင်းနောက် GBV Coordination Working Group မှ အမျိုးသမီးလုပ်ငန်းရပ်များနှင့် IRC-WPE ထိုင်းနိုင်ငံမှ ဒုက္ခသည်စခန်းအတွင်း လုပ်ဆောင်မှုများအား ရှင်းလင်းတင်ပြကြကြောင်း သတင်းရရှိသည်။

                                        ကယားပြည်နယ်ပြန်/ဆက်