ကျေးရွာနေပြည်သူများအား ပြည်နယ်၀န်ကြီးချုပ်သွားရောက်တွေ့ဆုံ

01 1

လွိုင်ကော်    သြဂုတ် ၃၀
    ကယားပြည်နယ် အစိုးရအဖွဲ့ပြည်နယ်၀န်ကြီးချုပ်ဦးခင်မောင်ဦးနှင့် အစိုးရအဖွဲ့၀င်၀န်ကြီး များက သြဂုတ်လ ၃၀ရက်နေ့ နံနက် ၈:၀၀ နာရီအချိန်က လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာ၊ ကုန်းဆွပ်ကျေးရွာ၊ ထီးစဲခါးကျေးရွာအုပ်စုလင်ဖုံကြီးကျေးရွာ၊ ပိန်းချစ်ကျေးရွာများသို့ သွားရောက် ပြီး ကျေးရွာနေပြည်သူများအား သွားရောက် တွေ့ဆုံ ခဲ့ကြသည်။
     ရှေးဦးစွာ ပြည်နယ်၀န်ကြီးချုပ်နှင့်အစိုးရအဖွဲ့၀င်၀န်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ များက လင်ဖုံလေးကျေးရွာသို့ရောက်ရှိပြီး ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးကြယ်နီ နေအိမ်၌  ကျေးရွာ အတွင်းရှိပြည်သူများနှင့်တွေ့ဆုံကြသည်။ ထိုသို့တွေ့ဆုံရာတွင် ကျေးရွာအ တွင်း အမှန်တကယ် လိုအပ်သည့် ကိစ္စရပ်များကို ရွာသူ/သားများအနေဖြင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြနိုင်ရန် အတွက် လာရောက်ရခြင်းဖြစ်ကြောင်းပြည်နယ်၀န်ကြီးချုပ်က ပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသူများက မိမိတို့ကျေးရွာအတွင်း လျှပ်စစ်မီးရရှိရေး၊ မူလတန်းကျောင်းအဆင့်မှ အလယ်တန်းအဆင့် တိုးမြှင့်ဆောင်ရွက်ပေးရေး၊ တိုင်းရင်း သားရိုရာ အကဖွဲ့များကလည်း မိမိတို့၏ ရိုးရာ၀တ်စုံအား ကူညီပံ့ပိုးပေးစေလိုပါ ကြောင်းဖြင့်တင်ပြကြရာ ပြည်နယ်၀န်ကြီးချုပ်က မိမိအနေဖြင့်လိုအပ်ချက်များကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများကလည်း အတူလက်တွဲပူးပေါင်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်လာမှာ ဖြစ်ကြောင်းပြောကြားခဲ့သည်။   
  ဆက်လက်ပြီးပြည်နယ်၀န်ကြီးချုပ်နှင့်အဖွဲ့၀င်များက ကုန်းစွပ်ကျေးရွာ၊ လင်ဖုံကြီးကျေးရွာနှင့် ပိန်းချစ်ကျေးရွာရှိ ဘုန်တော်ကြီးကျောင်းများသို့ရောက်ရှိပြီး ဆရာတော်များအား လှူဖွယ်၀တ္တု ပစ္စည်းများပေးအပ်လှူဒါန်းခြင်းများပြုလုပ်ကြသည်။ ဆက်လက်၍ ၀န်ကြီးချုပ်က ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံပြီး ကျေးရွာအတွက်အမှန်တကယ် လိုအပ်ချက်များကို သိရှိလိုသည့်အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ပေးစေလိုကြောင်း ပြောကြားသည်။  ထို့နောက်တက်ရောက် လာကြသူများက ကျေးရွာအတွင်း သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေရရှိနိုင်ရေး၊ လျှပ်စစ်မီးရရှိ ရေး၊ ကျေးရွာအတွင်းကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရေး၊  ကျန်းမာရေး ဆရာမများ ထားရှိပေး နိုင်ရေး၊ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်ပေးနိုင်ရေး၊  ဆရာ/မ များ လုံလောက်စွာ ဆောင်ရွက် ပေးရေး၊ ကျေးလက်ဆေးပေးခန်း၊ ကျေးရွာချင်းဆက်လမ်း၊ တံတားများ ဆောက်လုပ် ပေးနိုင်ရေး ၊ ပိန်းချစ် ဘုန်းတော်ကြီးကျောင်း ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရန်အတွက် ပါ၀င်ကူညီး ဆောင်ရွက်ပေး ပေးစေလိုပါကြောင်းဖြင့် တင်ပြကြရာ ပြည်နယ်၀န်ကြီးချုပ်နှင့် သက်ဆိုင်ရာ ၀န်ကြီးများက ပြန်လည် ရှင်းလင်းဖြေကြားပေးပြီး  လိုအပ်ချက်များကိုမိမိတို့အနေဖြင့် တစ်ချိန်တည်းမဆောင်ရွက် နိုင်သေး ပါကြောင်း ၊ အချို့သောကိစ္စရပ်များကို သက်ဆိုင်ရာ တာ၀န်ရှိသူများက လုပ်ငန်းများ အလိုက် ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ပြီး ဦးစားပေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ ကို အရင်ဆောင်ရွက်ပေး သွားမှာဖြစ်ကြောင်း၊ ကျေးရွာပြည်သူများ ကလည်း အတူတကွဝိုင်း၀န်းပါ၀င် ဆောင်ရွက်မှသာလျှင် ဆောင်ရွက်ရမည့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီး အကျိုးရှိစွာအသုံးပြုနိုင်မှာဖြစ် ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သတင်းရရှိ သည်။