လွိုင်ကော်တက္ကသိုလ် ဂီတအနုပညာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်များကျင်းပ

20140827-1

20140827-2

20140827-3

20140827-4

20140827-5

20140827-6

လွိုင်ကော်    သြဂုတ် ၂၆

      ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ် ၂၀၁၃−၂၀၁၄ ပညာသင်နှစ်၊ အနုပညာ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဂီတအနုပညာပဒေသာကပွဲနှင့် စျေးရောင်းပွဲတော်ကို သြဂုတ်လ (၂၆)ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်က စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲများပြုလုပ်ကျင်းပရာ အဆိုပါပွဲတော်သို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်ဦးခင်မောင်ဦးနှင့်အစိုးရအဖွဲ၀င် ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များ၊ ဆရာ/မ များ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။
    ရှေးဦးစွာကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ်ဦးခင်မောင်ဦးက လွိုင်ကော် တက္ကသိုလ်ပင်မဆောင်ရှေ့ မြက်ခင်းပြင် စျေးရောင်း ပွဲတော်မုဒ်ဦးအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကျောင်းသား ကျောင်းသူများ၏ စားသောက်ဆိုင်များ၊ ပျော်ရွှင်စွာကစားနိုင်သောအားကစားများ၊ ကံစမ်းမဲဖောက်ခြင်းများနှင့် စျေးဆိုင်ခန်းများသို့ လှည့်လှည်ကြည့်ရှုအားပေးကြသည်။
    ဆက်လက်၍ ပြည်နယ်၀န်ကြီးချုပ်နှင့် ဧည့်သည်တော်များက လွိုင်ကော်တက္ကသိုလ် ကိန္နရာခန်းမဆောင်သို့ရောက်ရှိပြီး ကျောင်းသား/သူများ၏ ဂီတဖျော်ဖြေပွဲများ၊ တိုင်းရင်းသား ရိုးရာအကများ၊ စကားရည်လုပွဲများ ကိုကြည့်ရှုအားပေးပြီး ပြည်နယ်၀န်ကြီးချုပ်က ဂုဏ်ပြုဆုငွေ ကျပ်ငါးသိန်း ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
 နှင့်အဆိုပါ စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတော်ကို နံနက် (၉:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။


ပြည်နယ်ပြန်/ဆက်