မြို့နယ်အဆင့် အသက်(၁၂)နှစ်အောက် အခြေခံကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

img7



img8



 

လွိုင်ကော် သြဂုတ် ၄

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ပြည်နယ်အားကစားကွင်း၌ သြဂုတ်လ ၄ ရက်၊ နံနက်(၉:၀၀)နာရီအချိန်က အခြေခံမြို့နယ်အဆင့် ကျောင်းပေါင်းစုံ အသက်(၁၂)နှစ်အောက် ဘောလုံးပြိုင်ပွဲကို ပြုလုပ်ကျင်းပသည်။
လည်းကောင်း ပြိုင်ပွဲယှဉ်ပြိုင်နေမှုကို လွိုင်ကော်မြို့နယ် အထက်တန်း ၊ အလယ်တန်း ကျောင်းအုပ် ဆရာမကြီးများ၊ ကာယဆရာမများ တက်ရောက်အားပေးကြသည်။ ပြိုင်ပွဲကို ဇုံအလိုက်ခွဲခြားရာတွင် အထက(၁)ဇုံ၊ အထက(၂)ဇုံ၊ အထက(၃)ဇုံ၊ အထက(၄)ဇုံ၊ ကုန်းသာဇုံ စသည်ဖြင့် အသင်း(၅)သင်း ပါ၀င်ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး၊ ယနေ့တွင် အထက(၂)ဇုံနှင့် ၊ ကုန်းသာဇုံ အသင်းတို့ယှဉ်ပြိုင်ကစားကြရာ အထက(၂)အသင်းက ကုန်းသာအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်းသိရှိရသည်။
အဆိုပါပြိုင်ပွဲကို (၄. ၈. ၂၀၁၄) မှ (၉. ၈ . ၂၀၁၄) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသည့် အသင်းများကိုလည်း ဆုများ ထိုက်တန်စွာချီးမြှင့်ပေးအပ်သွားမှာဖြစ်ကြောင်းသတင်းရရှိသည်။


မြို့နယ်ပြန်/ဆက်