တာ၀န်သိမှု၊ တာ၀န်ခံမှုဖြင့် ပေါင်းစပ်ညှိနှိုင်းစီမံခန့်ခွဲမှုဆိုင်ရာ(Third Wave) ဆွေးနွေးပွဲ လွိုင်ကော်မြို့၌ ပြုလုပ်

img3



img4

 

 img5




လွိုင်ကော် သြဂုတ် ၄


နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးအတွက် တတိယအဆင့် အရှိန်မြှင့်တင်မှု ( Third Wave ) လုပ်ငန်းစဉ်များ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ်လ ၄ ရက်၊ နံနက်(၉:၀၀)နာရီအချိန်က လွိုင်ကော်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ကျင်းပရာ ဆွေးနွေးပွဲသို့ မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦးတင်ငွေ ၊ ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး၀န်ကြီး ဦးပိုးရယ်ရန်အောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှတာ၀န်ရှိသူများ၊ ငါးလုပ် ငန်း ဦးစီးဌာနမှတာ၀န်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်၀န်ထမ်းများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။


ရှေးဦ:စွာ မွေးမြူရေးရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦးတင်ငွေက တတိယအဆင့်ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်(၅)ရပ် ပါ၀င်မှာဖြစ်ကြောင်း၊ ပြုပြင် ပြောင်းလဲမှု နောက်ဆုံးအဆင့်မှာ အဓိကကသည်မှာ ၀န်ထမ်းများ၏ တာ၀န်သိမှု၊ တာ၀န် ယူမှုများ၊ ပိုမိုတိုးတက်ကောင်းမွန်လာရန် ခေတ်နှင့်အညီ (E-Government) စနစ်ကို အောင်ခြေအဆင့်အထိ သုံးစွဲနိုင် ရန်လိုအပ်ပါကြောင်း၊ မိမိတို့၀န်ထမ်းများအနေဖြင့် တာ၀န်နှင့်၀တ်တရားများကို ကောင်းစွာ သိရှိနားလည်ပြီး ကျေပွန်စွာထမ်းဆောင်နိုင်ရန် နှင့်ပြည်သူတွေကိုထိရောက်သည့် ၀န်ဆောင်မှုများ ပံ့ပိုးနိုင်အောင် စွမ်းဆောင်ရေများလိုအပ်ပါကြောင်း ဖြင့်ပြောကြားသည်။ ဆက်လက်ပြီး ကယားပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးရေးနှင့်မွေးမြူရေး၀န်ကြီး ဦးပိုးရယ်ရန်အောင် က ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုကို ၀န်ထမ်းများ အားလုံးက မိမိတို့၏ လုပ်ငန်း တာ၀န်များကို ကျေပွန်စွာဆောင်ရွက် ကြစေလိုကြောင်းဖြင့် ဆွေးနွေးပြောကြား ခဲ့သည်။


ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများမှ မိမိတို့မိမိတို့၏လုပ်ငန်းကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးမှုများကို လည်းကောင်း၊ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများကလည်း သိရှိလိုသည့်အချက်များအား မေးမြန်ဆွေးနွေး ကြရာ တာ၀န်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားပြီး ဒုတိ၀န်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

ပြည်နယ်ပြန်/ဆက်