ပြည်သူဗဟိုပြု စွမ်းဆောင်ရည်မြှင့်မားရေးသင်တန်း ပို့ချ

img1



img2




လွိုင်ကော် ဇူလိုင် ၂၉

ပြည်သူဗဟိုပြု စွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းကို ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ဒုတိယအထွေထွေ မန်နေဂျာရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးတော့ရယ်က ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသောအစိုးရဖြစ်ပေါ်ရေး၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်မားရေးနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက်မြန်မာ့သစ် လုပ်ငန်း ဒုတိယအထွေထွေမန်နေဂျာ ဦးအောင်မြင့်ဌေးက ဝန်ထမ်းများ၏ တာဝန်သိမှု၊ တာဝန်ယူ မှု၊ တာဝန်ခံမှုများကို လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက နိုင်ငံတော် ပြုပြင်ပြောင်းလဲမှု တတိယအဆင့်နှင့် ပြည်သူဝန်ထမ်းများကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်တွင်းရောင်း/စက်ဌာန လက်ထောက်မန်နေဂျာ ဦးတင်မောင်လွင်က ပြည်တွင်းရောင်း/စက် ဌာန၏ ရှေ့ဆက်လျှောက်လှမ်း မည့်ခရီးနှင့် ပြည်သူဗဟိုပြု စွမ်းဆောင်ရည်မြှင့်မားရေး ခေါင်းစဉ် ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးပို့ချကြကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ပြည်တွင်းရောင်း/စက်ဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်း စုစုပေါင်း ၇၀ ဦး တက်ရောက်ကြကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်