နိုင်ငံ့၀န်ထမ်းများသည် ပြည်သူများအတွက် စေတနာထား ဆောင်ရွက်ပေးရန်လိုအပ်

20140812-10

20140812-11

20140812-12

20140812-11


လွိုင်ကော် ဇူလိုင် ၃၀
ပြည်သူများအတွက် နိုင်ငံ၀န်ထမ်းများအားလုံး စေတနာထားဆောင်ရွက် ပေးရေးနှင့် ပတ်သက်ပြီး ဇူလိုင်လ ၃၀ ရက်၊ နေလည်(၂)နာရီအချိန်က ကယားပြည်နယ်၊ ပြည်နယ် ပြည်သူ့ဆေးရုံကြီးအစည်းဝေးခန်းမ၌ ကျန်းမာရေး၀န်ထမ်းများနှင့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ် သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်နယ်၀န်ကြီးချုပ် ဦးခင်မောင်ဦးက ကယားပြည်နယ်အတွင်း တာ၀န်ထမ်းဆောင်နေကြသည့် ကျန်းမာရေး၀န်ထမ်းများသည် မိမိတို့၏ လုပ်ငန်းတာ၀န်များကို တာ၀န်ကျေပွန်စွာ ထမ်းဆောင်ကြစေလိုပါကြောင်း၊ အချို့၀န်ထမ်းများမှာ မိမိတို့ တာ၀န်ကျရာ ဒေသများတွင် မရှိသည့်အတွက် ပြည်သူများအတွက် ဆေးဝါးကုသမှုခံယူရာတွင် အခက်အခဲ ရှိနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့်ဆရာဝန်/ဆရာမများက မိမိတို့တာ၀န်ကျရာ နေရာများသို့ ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုကို စေတနာထားပြီး ဆောင်ရွက် ကြစေလိုကြောင်း၊ ဆရာ၀န်/ဆရာမများ၏ လုပ်ငန်းများသည် အလွန်မွန်မြတ်သော လုပ်ငန်း ဖြစ်သည့်အတွက် ကောင်းမွန်အောင်ဆောင်ရွက် ကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်တွေ့ဆုံပွဲသို့တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြကြရာတွင် ဆရာ၀န် လိုအပ်ချက်၊ ဆရာမလိုအပ်ချက် များကိုခန့်အပ် နိုင်ပါက ပြည်သူများ၏ ကျန်းမာရေးကို ပိုမို ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မှာဖြင့်ကြောင်းတင်ပြရာ ပြည်နယ်၀န်ကြီးချုပ်က မိမိတို့ အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်ပြီးပြည်နယ် ၀န်ကြီးချုပ်နှင့်အဖွဲ့၀င်၀န်ကြီးများက ဇူလိုင်လ(၃၁)ရက်နေ့တွင် ကယားပြည်နယ် အစိုးရအဖွဲ့ ကယားပြည်နယ်စည်ပင်သာယာရေအဖွဲ့ရုံးသို့ ရောက်ရှိပြီး ၀န်ထမ်း များ နှင့်တွေ့ဆုံကာ မိမိတို့သည် ပြည်နယ်အတွင်းရှိ ပြည်သူများ၏အခွန် ၀င်ငွေဖြင့် ရပ်တည်နေရ သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အများပြည်သူ အကျိုး ကိုသာကြည့်ပြီ ကောင်းမွန်အောင် စေတနာထားဆောင်ရွက်ကြစေလိုကြောင်းဖြင့်ပြောကြားသည်။ ထို့နောက် ကယားပြည်နယ် ဥပဒေချုပ် ဦးဌေးအောင်က စည်ပင်သာယာရေး နှင့်ဆိုင်သည့် ဥပဒေ အကြောင်းအရာများအား ရှင်းလင်းပြောကြသည်။ ထို့နောက် တက်ရောက် လာကြ သူများက ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ အားရှင်းလင်း တင်ပြကြသည်။
ပြည်နယ်၀န်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပြီး အခမ်း အနားကိုရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

ခရိုင်ပြန်/ဆက်