ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘ၀မြှင့်တင်ရေးအခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

လွိုင်ကော် ဖေဖော်ဝါရီ ၃
သမဝါယမ၀န်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ပြုလုပ်သည့် ကယားပြည်နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘ၀မြှင့်တင်ရေးအခမ်းအနားကို ဖေဖော်ဝါရီလ ၃ ရက်၊ နံနက်(၉:၃၀)နာရီအချိန်က လွိုင်ကော်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့်စီးပွားရေး၀န်ကြီး ဦးတော့ရယ် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ 

ဆက်လက်ပြီး ကယားပြည်နယ်အတွင်းရှိ သမဝါယမအသင်းများသို့ မြို့နယ်အလိုက် ပံ့ပိုး ချေးငွေများကို စီမံကိန်းနှင့်စီးပွားရေး၀န်ကြီး ဦးတော့ရယ်နှင့်တာ၀န်ရှိသူများက ပေးအပ်ရာ မြို့နယ်အလိုက် သမဝါယမအသင်းစုဥက္ကဌများက လက်ခံရယူသည်။ ထို့နောက် သမဝါယမအသင်းသားများကိုယ်စား အသင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါအခမ်းအနားတွင် ကယားပြည်နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများသို့ ပံ့ပိုးချေးငွေပေးအပ်နိုင်မှုမှာ မြို့နယ်ပေါင်း(၅)မြို့နယ်၊ သမဝါယမအသင်းပေါင်း(၇၁)သင်း၊ ပံ့ပိုးချေးငွေကျပ်သိန်းပေါင်း(၄၁၄၆.၄၅)ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။