အမျိုးသမီးရေးရာအဖွဲ့ချုပ် အစည်းအဝေးဆုံးဖြတ်ချက် ထပ်ဆင့်ရှင်း

20140328-9

 

 

 

20140328-10

 

20140328-11

 

20140328-12

 

 

လွိုင်ကော်  မတ်  ၉

    မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏  ၂၀၁၃ခုနှစ် ၊ နှစ်ပတ်လည်အစည်းအဝေးမှ ချမှတ်သော ဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနားကို ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၉-၃-၂၀၁၄)ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၀၉:၀၀)နာရီအချိန်တွင်ကျင်းပရာ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မြင့်ရွှေက လမ်းညွှန်အဖွင့် အမှာစကားပြောကြားသည်။ အခမ်းအနားတွင် ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေမှူး ဒေါ်အေးအေးနိုင်မှ ၂၀၁၃ခုနှစ်အတွင်း ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်အားလည်းကောင်း ၊ တွဲဘက် အတွင်းရေးမှူး ဒေါ်မြတ်လေးက မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည် အစည်းအဝေးမှ ချမှတ်သောဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း ၊ လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်နှင့်မြို့နယ်များက ၂၀၁၄ခုနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေး တင်ပြကြပါသည်။

    ဆက်လက်၍ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးသိန်းက အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ထောက်ပံ့သည့် ပညာသင်စရိတ်အား လွိုင်ကော်တက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူ ရူပဗေဒအထူးပြုဘာသာရပ်ဖြင့် ပညာသင်ကြားနေသည့် မငါးမြာသို့ ပညာသင်စရိတ်  ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် မြို့နယ်အလိုက် လှုပ်ရှားမှုအကောင်းဆုံးဆုရ ဘောလခဲမြို့နယ်အား မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။