(၆၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား လွိုင်ကော်မြို့၌ ပြုလုပ်

လွိုင်ကော်    ဖေဖော်ဝါရီ ၁၂
    (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက်(၈)နာရီ အချိန်က လွိုင်ကော်မြို့၊ ကန္ဒာဟေ၀န်ပန်းခြံရှိ ကန္ဒရ၀တီကျောက်သားရင်ပြင်၌ ပြုလုပ်ရာ ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျော်ဆွေ၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား/သူများ တက်ရောက်ကြသည်။
    ရှေ:ဦးစွာ ပြည်နယ်၀န်ကြီးချုပ်နှင့်အခမ်းအနားသို့တက်ရောက်လာသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံအလေးပြုခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင် ကြီးများ နှင့်  ရဲဘော်အပေါင်းအား အလေးပြုကြသည်။
    ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၊ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော  (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့သ၀ဏ်လွှာအား ပြည်နယ်၀န်ကြီးချုပ် ဦးခင်မောင်ဦးက ဖတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။