ကယားပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ အာဂုမ်စာတော်ပြန်ဖွင့်ပွဲ

20140206-1

 

 

20140206-2

လွိုင်ကော်   မတ် − ၆
ကယားပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ အာဂုမ်စာတော်ပြန်ဖွင့်ပွဲ ကို မတ်လ(၆)ရက်၊ နံနက်(၆း၀၀)နာရီအချိန်က လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ကျင်းပရာ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ကယားပြည်နယ်လွှတ်တောဥက္ကဌ ဦးကျော်ဆွေ၊ ကယာပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်းမောင် နှင့် ပြည်နယ်အစိုးရအဖွဲ့ ၀င်၀န်ကြီး များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသောဧည့်သည်တော်တို့တက်ရောက်ကြသည်။
ရှေးဦးစွာ စာပွဲတော် နာယက၊ ဥက္ကဌ၊ အကျိုးတော်ဆောင် ဆရာတော်ကြီးများနှင့် စာထောက်စာမ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့ကို သာသနာ့ဗိမာန်တော်ကြီးသို့ ပင့်ဆောင်တော်မူကြသည်။
ထို့နောက် (၃၇) ကြိမ်မြောက် ကယားပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနာနုဂ္ဂဟ စာတော် စာတော်ပြန်ပွဲ ကို ဒေါဥခူပရိယတ္တိစာသင်တိုက် နာယကဆရာတော်ဘုရားက ဇေယျသိဒ္ဓိမင်္ဂလာ (အဘိပါမောဇ္ဖ) အခါတော်ကြားသြဘာစာတမ်းဖြင့် အခမ်းအနားကို လျှောက်ထား ဖွင့်လှစ်သည်။   ဆက်လက်၍ အာဂုမ်စာပွဲတော်စတင်သည့် အချက်ပေး ဂလိုင်ခေါက်၍ အာဂုမ်စာတော်ပြန်ပွဲ၀င်ရောက် ပြန်ဆိုတော်မူကြသည့် သံဃာတော်များကို စည်တော်ရွမ်း၍ ပင့်ဆောင်တော်မူကြပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးခင်မောင်ဦးအမှုပြုသော် အဖွဲ့၀င်၀န်ကြီးများ နှင့် ပြည်နယ်လွှတ်တောဥက္ကဌ၊  ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဧည့်သည်တော် များ က (ကနက္ကဒဏ်) ထီးဖြူတော်များကို အသီးသီးဖွင့်လှစ် ပေးကြကြောင်း သတင်းရရှိသည်။
အဆိုပါ ပရိယတ္တိသာသနာနုဂ္ဂဟ အာဂုမ်စာတော်ပြန်သို့ သံဃာတော် (၈၃၈) ပါး ၀င်ရောက် ဖြေဆိုကြကြောင်းသတင်းရရှိသည်။