ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ)သင်တန်းနှင့်ဟိုတယ်၀န်ဆောင်မှုဆိုင်ရာသင်တန်းများ သင်တန်းဆင်းပွဲ လွိုင်ကော်မြို့၌ ပြုလုပ်

လွိုင်ကော် နို၀င်ဘာ ၉

ဟိုတယ်နှင့်ခရီ:သွားလာရေးလုပ်ငန်း၀န်ကြီးဌာန၊ ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ) သင်တန်း (လွိုင်ကော်) အမှတ်စဉ် (၆/၂၀၁၃) နှင့် ဟိုတယ်၀န်ဆောင်မှုဆိုင်ရာသင်တန်းများအမှတ်စဉ် (၁၂/၂၀၁၃) သင်တန်းများ ဆင်းပွဲအခမ်းအနားကို နို၀င်ဘာလ ၉ ရက်၊ နံနက် (၁၀) နာရီအချိန်က လွိုင်ကော်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ ကယားပြည်နယ်၀န်ကြီးချုပ် ဦးခင်မောင်ဦး တက်ရောက် သင်တန်းဆင်း အမှာစကားပြောကြား သည်။ ဆက်လက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ကိုယ်စား မြန်မာ့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ခေတ္တဦးဆောင် ညွှန်ကြားရေးမှူး ဦးဟန်ထွန်းက သင်တန်းဆင်း အမှာ စကားပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့၀င် ဘဏ္ဍာရေး၀န်ကြီး ဦးသန်းကျော်စိုးက သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ထူးချွန်ဆုများ ချီးမြှင့်သည်။ ဆက်လက်၍ မြန်မာ့ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ ခေတ္တ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဟန်ထွန်းက သင်တန်းနည်းပြများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ် ချီးမြှင့်ပြီး သင်တန်းသား များအတွက် သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။ ဆက်လက် ပြီး မြန်မာနိုင်ငံစားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း၊ ကယားဇုန်အတွင်းရေးမှူး ဦးလှမိုးက ဟိုတယ်၀န် ဆောင်မှုဆိုင်ရာ သင်တန်း (၂) မျိုးတွင် ထူးချွန်ဆုရရှိသူများအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်၍ သင်တန်း သားတစ်ဦးက ကျေးဇူးတင် စကားပြန်လည် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိ သည်။