ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ

u_tin_myint 
 အမည်     ဦးတင်မြင့်
အဘအမည်    ဦးဘခင်
လူမျိုး/ဘာသာ    မွန်/ဗုဒ္ဓဘာသာ
 မွေးသက္ကရာဇ်     ၁၃.၇.၁၉၅၄
မွေးဖွားရာဇာတိ    ရွှေတောင်ရပ်၊လွိုင်ကော်မြို့
 ပညာအရည်အချင်း     B.A (ဒဿနိကဗေဒ)
မဲဆန္ဒနယ်    လွိုင်ကော်မြို့နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၂)
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၈.၂.၂၀၁၆

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • မူလတန်းပညာကို မင်္ဂလာ(အမက)တွင် လည်းကောင်း၊ အလယ်တန်းပညာကို အထက(၁)နှင့် အထက် တန်းပညာကို အထက(၂)တွင် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်မှ B.A (ဒဿနိကဗေဒ)ဘွဲ့ရရှိခဲ့ ပါသည်။
  • ရွှေတောင်ရပ်ကွက်တွင် လူငယ်ဥက္ကဋ္ဌတာဝန်(၈)နှစ်ခန့် ထမ်းဆောင်ပြီး ဒုတိယအကြိမ် ရပ်/ကျေး ကောင်စီအဖွဲ့ဝင်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ကျရာတာဝန်ထမ်း ဆောင်ခဲ့ပြီး မြို့မပြည်သူ့စစ်အဖွဲ့ဝင် အကြိုအခြေခံ မီးသတ်သင်တန်း၊ ရပ်ကွက် ရှေးဦးသူနာပြု သင်တန်းများ တက်ရောက်ခဲ့ ပါသည်။
  • တက္ကသိုလ်ကျောင်းသားဘဝတွင် ကယားပြည်နယ်၊ ကျောင်းသားဥက္ကဋ္ဌ(၃)နှစ်လုပ်ခဲ့ပြီး ကယားပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ပေါ်ပေါက်ရေးအတွက် ပါတီဗဟိုနှင့် ချိတ်ဆက် ခဲ့ပြီး လွိုင်ကော်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ပြီး ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် လွိုင်ကော်မြို့နယ် အမှတ်(၂)မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ခဲ့ပါသည်။

 

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

  • ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ