ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး

street-minister 
 အမည်     ဦးချစ်လှ
အဘအမည်    ဦးလောင်
လူမျိုး/ဘာသာ    ရှမ်း/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၂၅-၂-၁၉၄၈
မွေးဖွားရာဇာတိ    ရွာသစ်မြို့နယ်ခွဲ
 ပညာအရည်အချင်း     Grade-10
မဲဆန္ဒနယ်    ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊ ဘောလခဲမြို့နယ်
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၃၀-၃-၂၀၁၁

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • အခြေခံပညာကို ရွာသစ်မြို့နယ်ခွဲ၊  အ-မ-က၊ လွိုင်ကော်မြို့၊ အ-လ-က  နှင့် အ-ထ-က(၁) တို့ တွင် ပညာသင်ယူခဲ့ပါသည်။
  • ၁၉၇၄ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ ရပ်ကွက်/ကျေးရွာ/မြို့နယ်ကောင်စီ အတွင်းရေးမှူးတာဝန်များ ထမ်းဆောင်ခဲ့ပါသည်။
  • ၁၉၉၄ ခုနှစ်မှစ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း၌ ဘောလခဲခရိုင် အလုပ်အမှုဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
  • ယင်းနောက် ၂၀၁၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဘောလခဲမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့၊     အဖွဲ့ဝင်  
၂။ (မြန်မာ့မီးရထား၊ ဆောက်လုပ်ရေး၊ လေဆိပ်၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေးစီမံကိန်း၊ အိုး/အိမ်၊ မိုးဇလ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊
ကုန်စည်ပို့ဆောင်ရေး၊ မီးရထား(ဘူတာ) ) စသည့် လုပ်ငန်း၊ အဖွဲ့၊  ဦးစီးဌာနများကို တာဝန်ယူဆောင်ရွက်ပါသည်။