ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ

u_hla_htwe 
 အမည်     ဦးလှထွေး
အဘအမည်    ဦးသက်ထွန်း
လူမျိုး/ဘာသာ    ဗမာ/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၂၉-၃-၁၉၅၄
မွေးဖွားရာဇာတိ    မိုင်းဆတ်မြို့၊ရှမ်းပြည်နယ်
 ပညာအရည်အချင်း     ဝိဇ္ဇာဘွဲ့(သမိုင်း)
မဲဆန္ဒနယ်    ရှားတောမြို့နယ် အမှတ်(၂)မဲဆန္ဒနယ်
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၈.၂.၂၀၁၆

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • အခြေခံပညာကို အမှတ်(၇)မူလတန်းကျောင်း၊ အလက(၁)၊ အထက(၁)တို့တွင် သင်ယူခဲ့ပါ သည်။
  • တက္ကသိုလ်ပထမနှစ်နှင့် ဒုတိယနှစ်ကို လှိုင်တက္ကသိုလ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်ကို ရန်ကုန်တက္ကသိုလ် တို့တွင် စာပေးစာယူကျောင်းသားဘဝဖြင့် သင်ယူခဲ့ရာ(၁၉၈၇)ခုနှစ်တွင် ဝိဇ္ဇာဘွဲ့(သမိုင်း)ရရှိခဲ့ပါသည်။
  • ၁၉၈၄ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ သမဝါယမဦးစီးဌာန၊ ၁၉၉၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ရှားတောမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကင်းစင်ခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ရှားတော မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဆိုင်းဘုတ်များ ပြန်လည်တင်ခဲ့ပြီး သတင်းနှင့်ပြန်ကြားရေး တာဝန်ယူ၍ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှားတောမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

  • ပြည်နယ်လွှတ်တော်
  • မြန်မာနိုင်ငံလွှတ်တော်ဆိုင်ရာအဖွဲ့ဝင်(MPU)
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ဗဟိုကော်မတီဝင်