ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီး

forest-minister 
 အမည်     ဦးရဲဝင်း
အဘအမည်    ဦးဖိလစ်ဇယ်
လူမျိုး/ဘာသာ    ဂေဘား/ခရစ်ယာန်
 မွေးသက္ကရာဇ်     ၂-၆-၁၉၆၆
မွေးဖွားရာဇာတိ    ရှားတောမြို့နယ်
 ပညာအရည်အချင်း     B.A (Geography)
မဲဆန္ဒနယ်    ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁)၊ ရှားတောမြို့နယ်
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်သစ်တောနှင့်သတ္တုဝန်ကြီးဌာန၊ ဝန်ကြီး
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၃၀-၃-၂၀၁၁

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • အခြေခံပညာကို ရှားတောမြို့နယ်၊  အ-လ-က နှင့် အ-ထ-က တို့ တွင် ပညာသင်ယူခဲ့ပါသည်။
  • စစ်ကိုင်းမြို့ ဖွံ့ဖြိုးရေးသိပ္ပံကျောင်းမှ ဝိဇ္ဇာဘွဲ့ (ပထဝီ) ရရှိခဲ့ပါသည်။
  • ၁၉၈၇ ခုနှစ်တွင် အ-လ-က ရှားတော၌ မူလတန်းပြအဖြစ်လည်းကောင်း၊ ၁၉၉၉ ခုနှစ်တွင် ရှားတောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဦးစီးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံတက်ရောက်ခဲ့ပါသည်။
  • ဆက်လက်ပြီး ၂၀၀၇ ခုနှစ်တွင် ရှားတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ယင်းနောက် ၂၀၁၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရှားတောမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့၊     အဖွဲ့ဝင်  
၂။ (သစ်လုပ်ငန်း၊ ရောင်း/စက်၊ သစ်တော၊ မော်ချီးသတ္တုတွင်း ) စသည့် လုပ်ငန်း၊ ဦးစီးဌာနများကို တာဝန်ယူဆောင်ရွက်ပါသည်။