ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး

sipin-minister 
 အမည်     ဦးအောင်နိုင်ဦး
အဘအမည်    ဦးသိုက်လေးတို
လူမျိုး/ဘာသာ    ဂေခို/ခရစ်ယာန်
 မွေးသက္ကရာဇ်     ၈-၁၀-၁၉၇၂
မွေးဖွားရာဇာတိ    ဒီးမော့ဆိုမြို့နယ်
 ပညာအရည်အချင်း     Grade-10
မဲဆန္ဒနယ်    ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)၊ မယ်စဲ့မြို့နယ်
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၃၀-၃-၂၀၁၁

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • အခြေခံပညာကို ဒီးမော့ဆို၊  အ-ထ-က၊ လွိုင်ကော်မြို့၊ အ-လ-က(၆)  နှင့် အ-ထ-က(၂) တို့ တွင် ပညာသင်ယူခဲ့ပါသည်။
  • ၁၉၉၃ ခုနှစ်တွင် ကျန်းမာရေးဝန်ထမ်း (ဓါတ်မှန်ကျွမ်းကျင်) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၀၅ ခုနှစ်တွင် မယ်စဲ့မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ယင်းနောက် ၂၀၁၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့၊     အဖွဲ့ဝင်  
၂။ (စည်ပင်သာယာရေး၊ ရုပ်ရှင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး၊ ယဉ်ကျေးမှု၊ ရုပ်မြင်သံကြား ) စသည့် လုပ်ငန်း၊ အဖွဲ့၊  ဦးစီးဌာနများကို တာဝန်ယူဆောင်ရွက်ပါသည်။