ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီး

u_hla_myo_swe 
 အမည်     ဦးလှမျိုးဆွေ
အဘအမည်    ဦးထွန်းကြည်
လူမျိုး/ဘာသာ    ဗမာ/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၂၀.၁၂.၁၉၆၇(၄၉)နှစ်
မွေးဖွားရာဇာတိ    နွားထိုးကြီးမြို့နယ်၊မန္တလေးတိုင်း
 ပညာအရည်အချင်း     AGTI(EP), 3rd Hist
မဲဆန္ဒနယ်   

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ဗမာတိုင်းရင်းသား

ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ   

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်   

ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီး

 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၇.၄.၂၀၁၆

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • ၁၉၇၃-၁၉၇၈ ခုနှစ်တွင် အခြေခံပညာကို အမက(လက်သမားကန်)တွင်လည်းကောင်း ၁၉၇၈-၁၉၈၂ ခုနှစ်တွင် အလယ်တန်းပညာကို အထက(နွားထိုးကြီး) တွင်လည်းကောင်း၊ ၁၉၈၅-၈၆ ခုနှစ်တွင် အထက်တန်းပညာကို အထက(၂)မြင်းခြံ တွင်လည်းကောင်း ပညာဆည်းပူးခဲ့ပါသည်။
  • ၁၉၈၆-၈၇ ခုနှစ်တွင် အဆင့်မြင့်ပညာကို မန္တလေးတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပါသည်။ ၁၉၈၇-၉၁ ခုနှစ်တွင် မုံရွာအစိုးရနည်းပညာ အထက်တန်းကျောင်းတွင် AGTI(EP)ဘွဲ့ရရှိခဲ့ပါသည်။ ၁၉၉၂-၉၃ ခုနှစ်တွင် မန္တလေးတက္ကသိုလ်၌ အဆင့်မြင့်ပညာအား ဆက်လက်သင်ယူဆည်းပူး ခဲ့ပါသည်။
  • ၁၉၉၃-၁၉၉၈ ခုနှစ်တွင် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း(ရုံးချုပ်)နှင့် ကယားပြည်နယ် လျှပ်စစ်အင်ဂျင် နီယာရုံးတွင် ဒုတိယလက်ထောက်အင်ဂျင်နီယာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ ပါသည်။
  • ၂၀၁၅ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ် လွှတ်တော်ဗမာတိုင်းရင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရ ပါသည်။

 

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့၊     အဖွဲ့ဝင်  
၂။

ပြည်နယ်ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ဝန်ကြီး