ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး

u maw maw 
 အမည်     ဦးမော်မော်
အဘအမည်    ဦးကိုကြီး
လူမျိုး/ဘာသာ    ဗမာ/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၂၁.၁၂.၁၉၅၅
မွေးဖွားရာဇာတိ    ဗိုလ်တစ်ထောင်၊ရန်ကုန်မြို့
 ပညာအရည်အချင်း     AGTI (INSEIN).ELEC.POW
မဲဆန္ဒနယ်    -
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်   

ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဝန်ကြီး

 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၇.၄.၂၀၁၆

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • အခြေခံပညာကို ၁၉၅၆ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ စိန့်ဂျရိုဇာ မစ်ရှင်ကျောင်း၊ ၁၉၆၄ ခုနှစ်မှ ၁၉၇၀ ခုနှစ် အထိ လောဓလေး အလယ်တန်းကျောင်း၊ ၁၉၇၁ ခုနှစ်မှ ၁၀၇၂ ခုနှစ်အထိ အထက(၁)လွိုင်ကော်တို့တွင် ပညာဆည်းပူးခဲ့ပါသည်။
  • ၁၉၇၃ခုနှစ်မှ ၁၉၇၆ခုနှစ်အထိ အင်းစိန်စက်မှုသိပ္ပံ၌ ပညာဆည်းပူးခဲ့ပြီး AGTI(INSEIN) ELEC.POW ဘွဲ့ရရှိခဲ့ပါသည်။
  • ၁၉၇၈ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ လောပိတ အမှတ်(၂)စက်ရုံတွင် ဒုလက်ထောက်အင်ဂျင်နီယာ အဖြစ် လည်းကောင်း ၁၉၈၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးတိုင်းဆည်တော်ကြီးရေအား လျှပ်စစ် စက်ရုံစီမံကိန်းတွင်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့ပါသည်။ ၎င်းနောက် ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်၍ မိသားစုနှင့်အတူ စာပေရောင်းဝယ်ရေးဆိုင်နှင့် လျှပ်စစ်ကန်ထရိုက် လုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါသည်။
  • ၂၀၁၅ ခုနှစ် ဇွန်လမှစ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပြည်နယ်အောင်နိုင်ရေး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။

 

 

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့၊     အဖွဲ့ဝင်  
၂။

ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးအဖြစ် အောက်ဖော်ပြပါ ဦးစီးဌာန/လုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်-

  • ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန
  • ပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန
  • ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန
  • ပြည်နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
  • ပြည်နယ်အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန
  • ပြည်နယ်အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန
  • ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့
  • ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
  • ပြည်နယ်ပြည်တွင်းအခွန်ဦးစီးဌာန
  • ပြည်နယ်အကောက်ခွန်ဦးစီးဌာန
  • ပြည်နယ်မြန်မာ့စီးပွားရေးဘဏ်
  • ပြည်နယ်ပင်စင်ဦးစီးဌာန
  • ပြည်နယ်ငွေရေးကြေးရေးကြီးကြပ်ရေးဦးစီးဌာန
  • ပြည်နယ်မြန်မာ့အာမခံလုပ်ငန်း
  • ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန
  • ပြည်နယ်လူမှုဖူလုံရေးဦးစီးဌာန
  • ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန
  • ပြည်နယ်သာသနာရေးဦးစီးဌာန