ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး

u khin maung phyu 
 အမည်     ဦးခင်မောင်ဖြူ
အဘအမည်    ဦးထွန်းခင်
လူမျိုး/ဘာသာ    ကယား/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၂၅.၁၀.၁၉၆၀
မွေးဖွားရာဇာတိ    လွိုင်ကော်မြို့
 ပညာအရည်အချင်း     အင်ဂျင်နီယာဘွဲ့(မြို့ပြ)၊R.I.T
မဲဆန္ဒနယ်    -
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    ကယန်းအမျိုးသားပါတီ
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်   

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန၊ဝန်ကြီး

 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၁.၄.၂၀၁၆

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • ၁၉၆၅ ခုနှစ်မှ ၁၉၇၆ ခုနှစ်အထိ အထက(၄)တောင်ကြီး၊ ၁၉၇၇ ခုနှစ်တွင် အထက(၁) လွိုင်ကော်၊ ၁၉၇၈ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ တောင်ကြီးဒေသကောလိပ်၊ ၁၉၈၀ ခုနှစ်မှ ၁၉၈၃ ခုနှစ်အထိ ရန်ကုန်စက်မှု တက္ကသိုလ်တို့၌ ပညာသင်ကြားခဲ့ပါသည်။
  • ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ လောပိတအမှတ်(၁)ရေအားလျှပ်စစ်စီမံကိန်း၊ လွိုင်ကော် မြို့နယ်ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်းတို့၌ အလုပ်သင်အင်ဂျင်နီယာအဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ ရန်ကုန်မြေစမ်းသုတေသန၊ မြစ်ကြီးနား နန့်ပေါင်လေယာဉ် ကွင်းစီမံကိန်း၊ လွိုင်ကော်မြို့နယ် အင်ဂျင်နီယာအဖြစ်လည်းကောင်း၊ ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ လွိုင်ကော်ခရိုင်အင်ဂျင်နီယာမှူး အဖြစ်လည်းကောင်း၊ ၂၀၁၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရှမ်းပြည်နယ်အရှေ့ပိုင်း အင်ဂျင်နီယာမှူးကြီး အဖြစ်လည်းကောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ကယားပြည်နယ်အင်ဂျင်နီယာမှူးကြီးအဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ မန္တလေးတိုင်းအင်ဂျင်နီယာမှူးကြီးအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ် ဩဂုတ်လ(၂)ရက်နေ့အထိ ကယားပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၁၅ ခုနှစ် ဩဂုတ်လ(၂)ရက်နေ့မှစ၍ လျော့ပေါ့ပင်စင်ဖြင့် အငြိမ်းစားယူပြီး ကယန်း အမျိုးသားပါတီ ဗဟိုကော်မတီဝင်အဖြစ် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့၊     အဖွဲ့ဝင်  
၂။

ပြည်နယ်လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာန ဝန်ကြီး အဖြစ် အောက်ဖော်ပြပါ ဦးစီး ဌာန/လုပ်ငန်း များအား တာတန်ယူဆောင်ရွက်လျက်ရှိပါသည်-

  • ပြည်နယ်လမ်းဦးစီးဌာန
  • ပြည်နယ်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
  • ပြည်နယ်မြန်မာ့စာတိုက်လုပ်ငန်း
  • ပြည်နယ်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
  • ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
  • ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
  • မြန်မာ့မီးရထား(မြို့ပြ)(သံလမ်း)
  • ပြည်နယ်လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
  • လွိုင်ကော်ဘူတာ
  • ပြည်နယ်လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန
  • ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန
  • ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း
  • ဘီလူးချောင်းအမှတ်(၁)ဓာတ်အားပေးစက်ရုံ၊လောပိတ
  • ဘီလူးချောင်းအမှတ်(၂)ဓာတ်အားပေးစက်ရုံ၊လောပိတ
  • ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
  • မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်(၀၇၄၃)
  • လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန