ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး

u_than_swe_win 
 အမည်     ဦးသန်းဆွေဝင်း
အဘအမည်    ဦးတင်မောင်
လူမျိုး/ဘာသာ    ဗမာ/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၁၃.၂.၁၉၆၇
မွေးဖွားရာဇာတိ    မြင်းခြံမြို့
 ပညာအရည်အချင်း    

B.Sc(Zool)(Q), Dip in Information Technology, Dip in Business Law.

မဲဆန္ဒနယ်     -
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ     -
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    အတွင်းရေးမှူး
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၂၅.၃.၂၀၁၆ 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • ၁၉၆၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် မြင်းခြံမြို့၌ မွေးဖွားခဲ့ပါသည်။
  • အခြေခံပညာကို ၁၉၇၃-၁၉၇၇ ခုနှစ် အထိ အမက(၄)မြင်းခြံတွင် သူငယ်တန်းမှ စတုတ္ထတန်း အထိ လည်းကောင်း၊ ၁၉၇၇-၁၉၈၀ ခုနှစ်အထိ အလက(၁)မြင်းခြံတွင် ပဉ္စမတန်း မှ အဋ္ဌမတန်း အထိ လည်းကောင်း၊ ၁၉၈၀-၁၉၈၃ ခုနှစ်အထိ အထက(၂)မြင်းခြံတွင် နဝမတန်း မှ ဒသမတန်း အထိ လည်းကောင်း၊
  • အဆင့်မြင့်ပညာကို ၁၉၈၃-၁၉၈၅ ခုနှစ်အထိ မိတ္ထီလာကောလိပ်တွင် လည်းကောင်း၊ ၁၉၈၅-၁၉၈၇ ခုနှစ်တွင် မန္တလေးတက္ကသိုလ်တွင်လည်းကောင်း တက်ရောက်ဆည်းပူးခဲ့ပြီး B.Sc(Zool)(Q)ဘွဲ့ ရရှိခဲ့ ပါသည်။
  • ၁၉၈၈ ခုနှစ်တွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းတွင် ဗိုလ်သင်တန်း တက်ရောက် ခဲ့ပါသည်။
  • ၁၉၉၉-၂၀၁၁ ခုနှစ်အထိ ပို့ဆောင်ရေးဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးတာဝန်ဖြင့် မြန်မာ့ သင်္ဘောကျင်းလုပ်ငန်းတွင် လည်းကောင်း၊ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း တွင်လည်းကောင်း၊ မြန်မာနိုင်ငံရေကြောင်းတက္ကသိုလ်တွင်လည်းကောင်း တာဝန်ထမ်း ဆောင်ခဲ့ပါသည်။
  • ၂၀၁၁-၂၀၁၃ ခုနှစ်အထိ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် ခရိုင်အုပ်ချုပ်ရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၃-၂၀၁၆ ခုနှစ်တွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူး အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • ၂၀၁၆ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့မှ ယနေ့အထိ ကယားပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ကယားပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေး မှူးချုပ်အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်လျက်ရှိပါသည်။

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး
၂။ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်
၃။

ပြည်နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့

ဒုတိယဥက္ကဋ္ဌ
၄။ ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ
၅။ ပြည်နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ
၆။

ပြည်နယ်အတွင်း နိုင်ငံခြားအကူအညီအထောက်အပံ့များ စိစစ်ကြီးကြပ် ရေးဆပ်ကော်မတီ

ဥက္ကဋ္ဌ
၇။ ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ
၈။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ငြိမ်းချမ်းရေးဆောင်ရွက်မည့် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးအဖွဲ့

အတွင်းရေးမှူး
၉။

ကယားပြည်နယ်အတွင်း အမျိုးသားအရေးပေါ်အခြေအနေ ကြိုတင်ကာကွယ်ရေးနှင့်စီမံခန့်ခွဲရေး ပြည်နယ်အဆင့်ကော်မတီ

အတွင်းရေးမှူး
၁၀။ ပုဂ္ဂလိကကဏ္ဍပြောင်းလဲတိုးတက်ဖွံ့ဖြိုးရေးဆောင်ရွက်မည့် Working Group တွဲဘက်အတွင်းရေးမှူး(၁)