ပြည်နယ်စာရင်းစစ်ချုပ်

u_aung_maung 
 အမည်     ဦးအောင်မောင်း
အဘအမည်    ဦးဘသင်
လူမျိုး/ဘာသာ    ဗမာ/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၂၇.၄.၁၉၅၄
မွေးဖွားရာဇာတိ   

ခေါင်းရဲရွာ၊ ကျောက်ပန်းတောင်းမြို့နယ်

 ပညာအရည်အချင်း     B.Com
မဲဆန္ဒနယ်     -
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ     -
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်စာရင်းစစ်ချုပ်
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၂၅.၄.၂၀၁၆

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • ခေါင်းရဲကျေးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မွေးဖွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောက်ပန်းတောင်းမြို့ အထက(၁)မှ ၁၉၇၃ ခုနှစ်တွင် အောင်မြင်ခဲ့ပါသည်။
  • ၁၉၇၈ ခုနှစ်၊ ဇွန်လမှစ၍ စာရင်းစစ်ချုပ်ရုံး(ယခင်ဗဟိုစာရင်းရုံး)၌ အလုပ်ဝင်ရောက်ခဲ့ပြီး ၁၉၈၉ ခုနှစ်၊ ဇူလိုင်လတွင် ကယားပြည်နယ်လွိုင်ကော်မြို့သို့ စာရင်းစစ်မှူးရာထူးဖြင့် ပြောင်းရွှေ့ခဲ့ ပါသည်။ ၁၉၉၅ ခုနှစ်တွင် လွိုင်ကော်မြို့နယ်စာရင်းစစ်ရုံး၌ မြို့နယ်စာရင်းစစ်အရာရှိအဖြစ် လည်းကောင်း၊ ၂၀၀၀ ပြည့်နှစ်တွင် ဘောလခဲခရိုင်စာရင်းစစ်ရုံး၌ ခရိုင်စာရင်းစစ်အရာရှိအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ရှမ်းပြည်နယ်စာရင်းစစ်ရုံး၊ တောင်ကြီးမြို့သို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ၂၀၁၀ ခုနှစ်တွင် ဒုတိယညွှန်ကြားရေးမှူး ရာထူးတိုးပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ ပြောင်းရွှေ့ခဲ့ရပါသည်။ ၂၀၁၄ ခုနှစ်တွင် ညွှန်ကြားရေးမှူးရာထူးတိုးပြီး ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင် ခဲ့ရပါသည်။
  • ၂၀၁၄ ခုနှစ် ၊ဩဂုတ်လတွင် သက်ပြည့်အငြိမ်းစားယူပြီး ၂၅.၄.၂၀၁၆ ရက်နေ့မှစ၍ ကယားပြည်နယ် စာရင်းစစ်ချုပ်အဖြစ် တာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။

 

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်အစိုးရအဖွဲ့၊ အဖွဲ့ဝင်  
၂။ ပြည်နယ်စာရင်းစစ်ချုပ်၊ ကယားပြည်နယ်စာရင်းစစ်ချုပ်ရုံး