ပြည်နယ်တရားသူကြီးချုပ်

pyinae-chairman 
 အမည်     ဦးကျော်လင်းမောင်
အဘအမည်    ဦးဘကြွယ်
လူမျိုး/ဘာသာ    ဗမာ/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၁၅-၇-၁၉၅၆
မွေးဖွားရာဇာတိ    ဒါန်းတိုင်ရွာ၊ ဘုတလင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
 ပညာအရည်အချင်း     ဥပဒေဘွဲ့
မဲဆန္ဒနယ်    -
ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    -
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်တရားသူကြီးချုပ်
 စတင်တာဝန်ထမ်းဆောင်သည့်နေ့     ၂၉-၂-၂၀၁၂

 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဒါန်းတိုင်ရွာတွင် အဘ ဦးဘကြွယ်၊ အမိ ဒေါ်သန်းတင်တို့မှ မွေးဖွားပါသည်။ သူငယ်တန်းမှ စတုတ္တတန်းအထိကို ဒါန်းတိုင်ရွာ အ.မ.ကတွင် ပညာသင်ကြားခဲ့ပါသည်။ ပဉ္စမတန်းမှ ဒဿမတန်းအထိကို ဘုတလင်မြို့၊ အ.ထ.ကတွင် ပညာသင်ကြားခဲ့ပါသည်။ ၁၉၇၆ ခုနှစ်တွင် စာပေးစာယူသင်တန်း တွင် တက်ရောက်ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၁ခုနှစ်တွင် ဥပဒေဘွဲ့ရရှိခဲ့ပါသည်။
  • (၃-၉-၁၉၈၄)ခုနှစ်တွင် ဗဟိုတရားရုံး၌ တရားရေးဝန်ထမ်း အဆင့်-၄ အဖြစ် အလုပ်ဝင်ရောက်ခဲ့ပါသည်။ အမြို့မြို့အနယ်နယ်တွင် တရားရေးဝန်ထမ်းအဆင့်-၄၊ မြို့နယ် တရားသူကြီး၊ တရားရေးဝန်ထမ်း အဆင့်-၃၊ တရားရေးဝန်ထမ်းအဆင့်-၂၊ တရားရေးဝန်ထမ်းအဆင့်-၁ အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ (၂၉-၉-၂၀၀၉)မှ (၂၃-၁-၂၀၁၁) ထိ ကယားပြည်နယ်တွင် ပြည်နယ်တရားသူကြီး (ညွှန်ကြားရေးမှူးအဆင့်)တာဝန်ထမ်းဆောင်ခဲ့ပါသည်။ (၂၅-၁-၂၀၁၁)မှ (၂၅-၃-၂၀၁၁)ထိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာခုံရုံးတွင် ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပါသည်။
  • (၃၀-၃-၂၀၁၁)ရက်နေ့တွင် ကယာပြည်နယ်တရားလွှတ်တော်၊ တရားသူကြီး တာဝန်ထမ်းဆောင်၍ (၂၉-၂-၂၀၁၂)ရက်နေ့တွင် အဆိုပါရုံး၌ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

၁။ ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ်