ပြည်နယ်ဝန်ကြီးချုပ်

u l foul show 
 အမည်     ဦးအယ်လ်ဖောင်းရှို
အဘအမည်    ဦးသန်းသရီးရှို
လူမျိုး/ဘာသာ    ကယန်း+ရှမ်း/ဗုဒ္ဓ
 မွေးသက္ကရာဇ်     ၅.၂.၁၉၇၉
မွေးဖွားရာဇာတိ    လောပိတရှမ်းရွာ၊ လွိုင်ကော်မြို့
 ပညာအရည်အချင်း     ပညာရေးဘွဲ့(B.Ed)
မဲဆန္ဒနယ်   

မယ်စဲ့မြို့နယ်မဲဆန္ဒနယ်၊ အမှတ်(၂)

ကိုယ်စားပြုပါတီ/တသီးပုဂ္ဂလ    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြည်နယ်အစိုးရအဖွဲ့တွင် ထမ်းဆောင်သည့်တာဝန်    ပြည်နယ်ဝန်ကြီးချုပ်
 စတင်တာဝန်ထမ်းဆောင်သည့်နေ့      ၃၀-၃-၂၀၁၆ 

ကိုယ်ရေးဖြစ်စဉ်အကျဉ်းချုပ်

 

  • လောပိတရှမ်းရွာ လွိုင်ကော်မြို့နယ်၌ မွေးဖွားခဲ့သည်။
  • အခြေခံပညာကို လွိုင်ကော်မြို့၊ အလက(ရှမ်းရွာ)၊ အလက(မယ်စဲ့)နှင့် အထက(တောင်ငူ)တို့တွင် သင်ယူ ခဲ့ပါသည်။
  • ၂၀၀၁ ခုနှစ်စ၍ ပညာရေးဌာနတွင် မူ/ပြ၊ လယ်/ပြ၊ ထက်/ပြ တာဝန်များအဆင့်ဆင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် (စစ်ကိုင်း)မှ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့(B.Ed) ရရှိခဲ့ပါသည်။
  • မယ်စဲ့မြို့နယ်ပညာရေးမှူးရုံးတွင် လက်ထောက်မြို့နယ်ပညာရေးမှူးတာဝန်ကိုလည်း ထမ်း ဆောင်ခဲ့ပါသည်။
  • နိုင်ငံဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်တွင် နိုင်ငံတော်မှ ချီးမြှင့်သော နိုင်ငံတော် အေးချမ်း သာယာရေးတံဆိပ်၊ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးတံဆိပ်များ ရရှိခဲ့ပါသည်။
  • ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မယ်စဲ့မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ ပါသည်။

 

 

 

 

 

တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဌာန/လုပ်ငန်း/အဖွဲ့အစည်းများ

ပြည်ထောင်စုအဆင့်

၁။ ပြည်ထောင်စုဘဏ္ဍာရေးကော်မရှင်  အဖွဲ့ဝင်
၂။ ဗဟိုလယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီ  အဖွဲ့ဝင်
၃။ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များ  အဖွဲ့ဝင်
၄။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်
၅။ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အဖွဲ့ဝင်
၆။

အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ (စီမံခန့်ခွဲရေးဆပ်ကော်မတီ)

အဖွဲ့ဝင်
၇။ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်

 

 

ပြည်နယ်အဆင့်

၁။ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်
၂။ ပညာရေးဘွဲ့(B.Ed) (၅)နှစ် သင်တန်းသားရွေးချယ်ရေးကော်မတီ နာယက
၃။ ခရီးသွားလုပ်ငန်းစီမံချက်ပြည်နယ်ကြီးကြပ်မှုကော်မတီ နာယက
၄။ စက်မှုရပ်ကွက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ နာယက 
၅။  ပြည်နယ်အဆင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ နာယက
၆။  ကန္တရဝတီဂေါက်ကွင်း အမှုဆောင်ကော်မတီ နာယက 
၇။  ပြည်နယ်စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ 
၈။  ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ 
၉။  ပြည်နယ်မြေလွတ်မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ 
၁၀။  ပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ
၁၁။  ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ 
၁၂။  မြို့ပြဒေသစီမံကိန်းရေးဆွဲရေးဦးစီးကော်မတီ ဥက္ကဋ္ဌ 
၁၃။  ပြည်နယ်အဆင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရင်းရေးကောင်စီ ဥက္ကဋ္ဌ 
၁၄။  ပြည်နယ်အရေးပေါ်ကာလ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ 
၁၅။

တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့

ဥက္ကဋ္ဌ