ကယော

kayaw

ကယော တိုင်းရင်းသားများသည် ကယားပြည်နယ် အတွင်းရှိ မြို့နယ်များ ဖြစ်သော  လွိုင်ကော်၊ ဒီးမောဆို၊ ဖရူးဆိုမြို့ များတွင် အများဆုံး နေထိုင်ကြပြီး ဘောလခဲ၊ ဖါးဆောင်း များတွင် အနည်းငယ်စီ နေထိုင် ကြပါသည်။ ကယော တိုင်းရင်းသားများ၏ ထင်ရှားသော ပွဲတော် များမှာ အိမ်သစ် တက်ပွဲနှင့် သွားနက်ဆိုးပွဲတို့ ဖြစ်ပါသည်။