လောကချမ်းသာစေတီတော်မြတ်ကြီး ငွေထီးတော်တင်လှူပူဇော်ပွဲ လွိုင်ကော်မြို့ ၊ ပဒါးညေးကျေးရွာ၊ သုဿာန်တောရကျောင်းတော်အတွင်း ပြုလုပ်

4-3-2017 1

4-3-2017 2

4-3-2017 3

4-3-2017 4

လွိုင်ကော် မတ်လ ၄

လောကချမ်းသာ စေတီတော်မြတ်ကြီး ဉာဏ်တော်(၅၇)ပေ ၊ အရံစေတီတော်များ ငွေထီးတော်တင် အလှူတော်မင်္ဂလာကို မတ်လ (၄)ရက်နေ့၊ နံနက်(၉းဝ၀)နာရီအချိန်က လွိုင်ကော်မြို့နယ်၊ ပဒါးညေးကျေးရွာ သုဿာန်တောရကျောင်းတော်အတွင်း ပြုလုပ်ရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့်ဇနီး ဒေါ်မြင့်မြင့်မော်၊ ကယားပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးတင်မြင့်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်တို့က ငွေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို ပင့်ဆောင်၍ စေတီတော်အား လက်ယာရစ်လှည့်ပတ် ပူဇော်ပြီး ထီးတော်တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားအား ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖေါင်းရှိုနှင့် အလှူရှင်များက မင်္ဂလာရထားဖြင့် ငွေထီးတော် ဘုံအဆင့်ဆင့်များ၊ စေတီတော်ကြီး၏ စိန်ဖူးတောကိုပင့်ဆောင်ပေးပြီး ထီးတော်တင်လှူပူဇော်ခဲ့ကြသည်။ ဆက်လက်၍ အရံစေတီတော်များကိုလည်း အလှူရှင်များက ငွေထီးတော်တင်လှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။